Alum Field မှရခဲ့တဲ့ အတွေ့အကြုံသင်ခန်းစာများ...

Filed under: by: ***Chan Chan*** (Mg Mine)

ချန်းချန်း ၂၀၀၇ နှစ်ဦးပိုင်းမှာ sg ကိုရောက်ပြီး အလူမီနီယမ် ကုမ္မနီတခုမှာ designer အဖြစ်စတင်လုပ်ကိုင်ခဲ့ ပါတယ်.. ၂၀၀၈ သြဂုတ်မှာ စင်္ကာပူရဲ့ စီးပွားရေးကြောင့် လုပ်ငန်းဟောင်းမှာ ဆက်လက် မလုပ်ကိုင်နိုင်ပဲ အလုပ်အသစ်တခုကို ပြောင်းခဲ့ရပါတယ်... Design Draft Person အဖြစ်နဲ့ အလူမီနီယမ် လုပ်ငန်းထဲမှာပဲ ဆက်လက်ကျင်လည်နေခဲ့တာ ယနေ့ထိအောင်ပါပဲ... ပထမ အလုပ်မှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့စဉ်အတွင်း နားလည် ရရှိခဲ့တာတွေကတော့...စင်းရဲ့ construction ပိုင်းမှာ Exterior အတွက် အလူမီနီယမ် ၊ စတီးနဲ့ မှန် တို့ကို အများဆုံးအသုံးပြုကြတာဖြစ်တဲ့ အလျောက် main contractor တွေဟာ aulm / glass specialist တွေကို တင်ဒါ နဲ့ခေါ်ယူပါတယ်... အဲ့ဒိတင်ဒါကို ရရှိပြီဆိုရင်တော့ project စတင်ပြီဖြစ်ပါတယ်.. ဒီနေရာကနေစပြီးအလူမီနီယမ် ဒီဇိုင်နာတစ်ယောက်ရဲ့ အခန်းကဏ္ဍစတင်ပါတယ်...
၁-ဒီဇိုင်နာဟာ BQ ( building quantity ) ကိုသေသေချာချာ ဖတ်ရှု့သိရှိထားရပါတယ်..BQ ကနေတဆင့် မိမိတို့ လုပ်ကိုင်ရမယ့် Item နဲ့ qty ကို ခွဲခြားသိရှိစေမှာဖြစ်ပါတယ်..
၂- archi dwg , structural dwg, title block တို့ရဲ့ software copy ကို main con ထံမှ တောင်းယူရပါတယ်..
မိမိလုပ်ငန်းနဲ့ဆိုင်တဲ့ drawing တွေအားလုံးဟာ main con ရဲ့ soft copy ကနေပဲ အခြေခံရမှာဖြစ်တာကြောင့်ပါ.
- နောက်ပြီး အလူမီနီယမ်ရဲ့ နောက်ဆုံးပိတ် finishing colour ကို အာခီနဲ့ confirm လုပ်ရပါမယ်..
- သုံးမယ့် Glass တွေရဲ့ type နဲ့ thickness တို့ကိုရောပေါ့...
၃-မိမိသုံးမယ့် alum profile system ရဲ့ design concept ကို သေသေချာချာသိထားရပါမယ်..
-အထူးသဖြင့် မိမိ profile နဲ့ structur တွေရဲ့ connection တွေ fitting တွေပါ....

ဆက်လက်တင်ပြပါမည်....

0 comments: