Alum Field မှရခဲ့တဲ့ အတွေ့အကြုံသင်ခန်းစာများ...-၅

Filed under: by: ***Chan Chan*** (Mg Mine)

အလူမီနီယမ်လို့ပြောရင် ချန်းချန်းအရင်ကသိသလောက် က L-angle ,.. U-channel , Flat bar, hollow, pipe, sheet (solid/composite) ဒီလောက်ပါပဲ.. ဒီအလုပ်ကိုရောက်တော့ မှ profile ဆိုတာတွေကို စတင်ထိတွေ့တာပါ.. ချန်းချန်းတို့ပြည်တွင်းမှာ သစ်သား သုံးသမျှနေရာတွေကို စင်းကတော့ အလူမီနီယမ်သုံးတာကြောင့်ပါ... အဲ့ဒိမှာ thermal break ပြတင်းတွေ တံခါးတွေက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်.. ပုံတွေကိုကြည့်တော့ အလူမီနီယမ် ပုံဆိုတာ သိကြတဲ့အတိုင်း အတွန့်တွေ အတက်တွေနဲ့.. အပေါက်တွေ အဖုတွေ အထစ်တွေနဲ့ ၊ ပြီးတော့ တခုခြင်းစီကိုလိုက်ကြည့်ပြန်တော့လည်း ဘာတွေမှန်းကို မသိ... တခုနဲ့တခုချိတ်ဆတ်လို့..(ဂမ္ဘီရဆန်နေလိုက်တာ) အလုပ်ဝင်စကတော့ ဒီလိုပဲတွေးမိတာပါ. (ဒီprofile ကိုပဲ mullion ခေါ်လိုက် tramson ခေါ်လိုက်နဲ့လေ...ကျေနပ်စရာပဲ)
တကယ်တော့ Building တခုရဲ့ window တွေကိုလေ့လာကြည့်ရင် တူညီတဲ့ profile တွေကိုသားသုံးလေ့ရှိတာတွေ့လာပါတယ်.. ထိုအတူပဲ မတူညီတဲ့ အဆောက်အုံတွေအတွက် မတူညီတဲ့ profile တွဲဖတ်တွေကြောင့် profile ပုံစံတွေအများကြီးကို ချန်းချန်းလေ့လာမိခဲ့ရတာပါ.. အဲ့ဒိလို တွဲဖက်မှုတွေကို window system (microsoft ရဲ့ window နဲ့တော့ မရောထွေးစေချင်ပါ) လို့ခေါ်တာပါ... ချန်းချန်းရဲ့ပထမကုမ္မနီရဲ့ လုပ်ငန်းဆောင်ရွက်မှုက အင်မတန်အတုယူဖွယ်ဖြစ်ပါတယ်.. လုပ်ငန်းက သေးသေးလေးပါ.. လုပ်နေသမျှ project တွေကတော့ စင်းရဲ့ စံနဲ့ကြည့်ရင်ကို ကြီးလှပါတယ်.. လုပ်ငန်းမှာအဓိက လည်ပတ်နေတာက ၀န်ထမ်း ၁၅ ယောက်လောက်ပဲရှိတာပါ.. အဲ့ဒိထဲမှာ designer ကချန်းချန်းအပါအ၀င် ၉ ယောက် ဒီဇိုင်းမန်နေဂျာပါပါရင် စုစုပေါင်း ၁၀ ယောက်ပါ... စင်္ကာပူဆန်လှတဲ့ ကုမ္မနီပါပဲ...project လက်ခံတာကစလို့ ကျန်တဲ့အားလုံးကို အပြင်ကိုပြန်ခိုင်းပြီး ပွဲခမျိုးမျိုးမြက်မြက် ယူတဲ့စနစ်ကိုကျင့်သုံးတာပါ.. profile ရဲ့ die design ကို ဂျပန်နိုင်ငံကနေ အကြံပေးခပေးပြီးရယူပါတယ်.. drawing တွေကို approved ဖြစ်လို့ project စပြီဆိုရင် designer တွက်ပေးထားတဲ့ profile qty နဲ့ အဲ့ဒိ designer ကပဲ ပစ္စည်းမှာရပါတယ်.. ပြီးရင် coating လုပ်တဲ့ဆီကို ပို့ရပါတယ်..coating ကပြီးပြီဆိုရင် fabricator တွေဆီပို့ရပါတယ်... ပြီးရင်တော့ fabricator တွေအတွက် ဘယ်လို့ ဖြတ်ပြီးဘယ်လိုဆက်မယ်ဆိုတဲ့ work order/cutting list တွေပို့ပေးရပါတယ်.. အဲ့ဒိကပြီးရင် ၄င်းတို့ကပဲ site ကိုရောက်အောင်တာဝန်ယူပို့ဆောင်ပေးရပါတယ်...(အဲ့ဒိ process အားလုံးက ဒီဇိုင်နာကပဲ ဖုန်းနဲ့ arrange လုပ်ရတာပါ) ပြီးရင်တော့ ပုတ်ပြတ်ငှားထားတဲ့ installer တွေကိုသုံးပြီးတပ်ဆင်ပါတယ်.. ပြီးရင် ပုတ်ပြတ်ငှားထားတဲ့ မှန်သမားတွေကိုသုံးပြီး မှန်တွေတပ်ဆင်ပါတယ်.. ချန်းချန်းကံကောင်းချင်လို့လား ကံဆိုးချင်လို့ပဲလားတော့မသိပါဝူး.. ပုတ်ပြတ်ငှားထားတဲ့ site supervisor တွေအဲ့ဒိလမှာ ခွင့်ယူကြတာရယ် site ကလောနေတာရယ်ကြောင့် ချန်းချန်း တာဝန်ယူရတဲ့ project တွေကို ခနရပ်ထားပြီး အဲ့ဒိsite ကို site supervisor/QC ခနလောက်သွားလောက်ပေးဖို့ သူဌေးက request လုပ်လာပါတယ်.. ရေငတ်တုန်းရေတွင်းထဲကျဆိုတာလိုပါပဲ.. အဲ့ဒိဆိုဒ်ကို ချန်းချန်း ၂ ပတ်လောက် supervise လုပ်ပါတယ်.. အဲ့ဒိတော့မှ ချန်းချန်းတို့ဆွဲနေတဲ့ window system ဆိုတာကို သေသေချာချာသိနားလည်လိုက်တာပါ.. နောက်ပြီး အလုပ်သမားတွေလုပ်လေ့ရှိတဲ့ ကိစ္စတွေရောပေါ့... တော်ရုံပြသနာလောက်ကို အတွေ့အကြုံရှိတဲ့ အလုပ်သမားဟာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာသိပါတယ်.. အဲ့ဒိတော့မှ ချန်းချန်းပြန်လည် အမှတ်ရမိတာ အလုပ်စ၀င်တုန်းက ချန်းချန်းကို ဖုန်းခေါ်ခဲ့တဲ့ site supervisor ရဲ့ perforated panel ကိစ္စပါ.. အဲဒိအချိန်မှာသူနဲ့ချန်းချန်းရင်းနီးနေပါပြီ... ဒီလောက်လွယ်လွယ်လေး ကို ဘာကြောင့်ချန်းချန်းကိုမေးခဲ့တာလဲလို့သူ့ကိုမေးတော့ လွယ်တယ်ဆိုတာသူလည်းသိတယ်တဲ့ ..သူဘာလုပ်ရမယ်ဆိုတာလည်းသိပါတယ်တဲ့..ချန်းချန်းကိုမေးရင်လည်းဒီလိုပဲလုပ်ဖို့ပြောမယ်ဆိုတာသိတယ်တဲ့..
နောင်ပြသနာတခုခုဖြစ်လာရင် သူ့တာဝန်မဖြစ်ရလေအောင် confirm လုပ်တာဆိုပဲ... (ပြသနာမှန်သမျှဒီဇိုင်နာဆီသွား ... ဆိုတာမျိုး ဟိဟိ)

Ps: Auto CAD topic အောက်မှာ လုပ်ငန်းအတွေကြုံဆိုတာကိုပြောနေရင်းနဲ့ auto CAD ဆိုတာမပါခဲ့ပြန်ဝူး ....(ဒါပေမယ့်လည်း လေ့လာမယ့်သူတွေအတွက် စေတနာအပြည့်ပါပါတယ်ဗျာ...

ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)

1 comments:

On October 9, 2009 at 7:32 PM , HTEIN LIN OO said...

အလှူမီနီယမ်အကြောင်းကို၅အထိဖတ်ပြီးပါပြီ၊ အရမ်းကောင်း
ပါတယ်၊စေတနာအပြည့် ပါတယ်ဆိုတာခံစားရပါတယ်၊
ကျေးဇူးတင်ပါတယ်၊ အားပေးနေပါတယ်၊ဆက်လက်ပြီး အလှူ
မီနီယမ် ပတ်သက်တာလေးတွေဖြန့်ဝေပေးပါအုံးနော်